ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (1)
ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (1) နတ်သား အချစ်တက္ကသိုလ်ဖိုရမ် အခန်း (၁) “သီဟ !!! တဲနောက်ဘက်ကို တာဝန်ယူ .. မျက်စိကို ရှင်ရှင်ထား ..“ တပ်စိတ်မှုးစိုင်းဗလ၏ အမိန့်ပေးသံအဆုံးတွင် သီဟနှင့်တကွ တပ်သားလေးယောက်သည် ခပ်လှမ်းလှမ်းတွင် ရှိနေသော တဲငယ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ အထက်ကပေးသည့် တာဝန်ကြောင့် သီဟတို့၏ အထူးတပ်စိတ်သည် လိုင်ဇာ၏ တောင်ကုန်းအမှတ် ၁၁၀၂ တွင် ရှိသော ရန်သူ့စခန်းကို ရှင်းလင်းရန် လျှို့ဝှက်စွာ ရောက်ရှိလာခဲ့တာ ဖြစ်သည်။ သတင်းအရဆိုလျှင် သီဟတို့ရှေ့တွင် ရှိနေသော တဲငယ်သည် အကြမ်းဖက်သမားများ၏ လျှို့ဝှက်လက်နက်များကို သိမ်းဆည်းထားရာ နေရာဖြစ်သည်။ ထို့အပြင် ဒီနေ့ ဒီအချိန်တွင် ရန်သူ့ဘက်က ခေါင်းဆောင်ပိုင်းအချို့ တွေဆုံဖို့ ချိန်ထားသည်ဟုလည်း သိထားသည်။ သို့ရာတွင် သီဟတို့ တဲငယ်၏ အစွန်ရှိ တောတန်းသို့ ရောက်နေသည်မှာ နေ့တစ်ပိုင်းကုန်တော့မည်။ သူတ...