ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (5)

  ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် (5)
  
    နတ်သား  အချစ်တက္ကသိုလ်ဖိုရမ်
“အား ….“ “အား ….“
ငယ်သံပါအောင် အော်လိုက်သည့်အသံ ပေါ်လာသည်။ သို့သော် ထိုအသံသည် မြမြလင်း၏ အသံမဟုတ်။ ဘဦး၏ ကြောက်လန့်တကြား အော်သံဖြစ်သည်။ သူ၏ လည်ဂုတ်ကို ကိုက်ခဲထားသည့် အကောင်ကို လက်ဖြင့် အားကုန်တွန်းချသည်။ သို့ပေမယ့် ၀ံပုလွေ၏ သွားစွယ်တွေထံမှ သူလွတ်မြောက်အောင် မရုန်းထွက်နိုင်။ မိနစ်ပိုင်းအတွင်း ဘဦးတစ်ယောက် ဆန့်ငင်ဆန့်ငင်နှင့် အသက်ပျောက်သွားသည်။
“ပေသီး .. ၀ံပုလွေကွ … ချ ချ .. ချဟ ..“ မြန်ဆန်လှသည့် အဖြစ်အပျက်ကြောင့် ကျန်သည့် လူဆိုးသုံးယောက်သည် ကြက်သေသေနေကြပေမယ့် ဘဦး၏ အဖြစ်ဆိုးကို မြင်လိုက်သည်တွင် သတိပြန်ဝင်လာသည်။ အမဲလိုက်ဓါးကိုယ်စီကို ထုတ်ကာ သိဒ္ဓိဆီသို့ တိုးလာကြသည်။ ၀ံပုလွေတစ်ကောင်နှင့် လူသားသုံးယောက်တို့၏ အသက်လုပွဲကား စချေပြီ။
အလစ်အငိုက်မဟုတ်ပဲ အသင့်ရှိနေပြီမို့ လူဆိုးသုံးယောက်ကို သိဒ္ဓိအလွယ်တကူ မရှင်းနိုင်။ တစ်ယောက်ကို ပုတ်ထုတ်လျှင် ကျန်သည့်နှစ်ယောက်က သူ့ကို ၀ိုင်းခုတ်တာ ခံရသည်။ လူဆိုးနှစ်ယောက်ကို ရှင်းထုတ်နိုင်သည့်အချိန်တွင် သူ့ကိုယ်ပေါ်၌လဲ ဒဏ်ရာတွေက မနည်းတော့။ သို့ပေမယ့် သိဒ္ဓိစိတ်မလျှော့။ နောက်ဆုံး ကျန်နေသည့် ပေသီးရှိရာသို့ ပြေးကာခုန်အုပ်လိုက်သည်။ သူနှင့်ပေသီး ထပ်လျက်သား လဲကျသည်။ ထို့နောက်တွင်တော့ ပေသီးတစ်ယောက် ခေါင်းကျိုးကာ ငြိမ်ကျသွားသလို သိဒ္ဓိကိုယ်တိုင်လဲ ပြန်မထနိုင်တော့ပေ။
မြမြလင်းတစ်ယောက် သူမ မျက်စိရှေ့မှ သွေးပျက်ဖွယ်မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။ သူမ၏ အသိစိတ်က သူမကို ဒီနေရာမှ အမြန်ဆုံးပြေးထွက်သွားဖို့ တိုက်တွန်းနေသည်။ သို့ပေမယ့် သူမခြေထောက်တွေသည် ရွာဘက်သို့ မရွေ့လျားနိုင်ပဲ ဖြစ်နေသည်။ သူမ၏ အကြည့်က ပေသီးပေါ် ထပ်ကာလဲကျနေသည့် ၀ံပုလွေပေါ်သို့ ရောက်ရှိနေသည်။ သူမ၏ အရှက်နှင့် (ထည့်တွက်မည်ဆိုလျှင်) အသက်ပါ ဒီဝံပုလွေကြောင့် နစ်မွန်းရမည့်ကိန်းမှ လွတ်ခဲ့တာဖြစ်သည်။ အခုတော့ သူမကို ၀င်ကူညီသည့် ၀ံပုလွေသည် အသက်မှတောင် ရှိပါသေးစ။ မြမြလင်း၏ နုနယ်သော နှလုံးသားတွင် ထူးထူးဆန်းဆန်း ခံစားမှုတစ်ခု ဖြစ်တည်သည်။ သူမ ခြေတစ်လှမ်းစလှမ်းသည်။ တစ်လှမ်း … နှစ်လှမ်း .. သုံးလှမ်း။ အပြေးအလွှား လှမ်းသွားသည့် မြမြလင်း ခြေထောက်တွေ၏ ဦးတည်ရာသည် ရွာဘက်သို့ မဟုတ်။ အသက်ကို မျှင်းမျှင်းရှူကာ လဲကျနေသည့် ၀ံပုလွေဆီသို့သာ ဖြစ်တော့သည်။
“မြမြလင်းဟာ ကျုပ် သမန်းဝံပုလွေလို့ သိသွားခဲ့သည့်တိုင် ကျုပ်နားက မခွာခဲ့ဘူး .. သူရဲ့ ကူညီမှုနဲ့ပဲ ကျုပ်ရွာကို ပြန်ရောက်ခဲ့တယ် ... ကျုပ်တို့ရွာအဖို့တော့ မြမြလင်းဟာ ပထမဆုံး အသက်ရှင်လျှက်ရောက်လာတဲ့ လူသားဧည့်သည့်လို့ ဆိုလို့ရတယ် မောင်သီဟ… အတိုချုံးပြီး ပြောရမယ်ဆိုရင်တော့ ကျုပ်နဲ့မြမြလင်းဟာ အချိန်တိုအတွင်းမှာ မေတ္တာမျှခဲ့ကြတယ် … အဲဒီနောက်တော့ ၀ံပုလွေတွေရဲ့ ထုံးစံကို ဖောက်ဖျက်ပြီး ကျုပ် မြမြလင်းကို လက်ထပ်ခဲ့တယ်“ “အော် .. ဒီလိုကိုး … ဒါဆို ဘာဆက်ဖြစ်ကြသေးလဲ ဦးသိဒ္ဓိ..“ “ဖြစ်တာပေါ့ မောင်သီဟ .. ဖြစ်တာမှ အကြီးအကျယ်ဖြစ်တယ်လို့ ဆိုလို့ရတယ် .. ကျုပ်နဲ့ မြမြလင်းယူကြတာကို မကြိုက်တဲ့ သမန်းဝံပုလွေစစ်စစ်တွေ ရှိတယ် .. ဒါပေမယ့် ကျုပ်က ခေါင်းဆောင်မို့ သူတို့ ပြောမသာကြဘူး .. နောက်ပြီး ကျုပ်ကစလိုက်တဲ့အတွက် ကျုပ်လိုမျိုး သမန်းဝံပုလွေတွေနဲ့ လူတွေယူကြတာ တော်တော်များများ ဖြစ်လာကြတယ် ..ကျုပ်သမီး လင်းသဒ္ဒါလိုမျိုး သမန်းဝံပုလွေတစ်ပိုင်း၊ လူတစ်ပိုင်းအနွယ်တွေ တိုးပွားလာတယ်ဆိုကြပါစို့ .. အဲဒီလိုဖြစ်လာတာနဲ့အမျှ ကျုပ်တို့ရွာအတွင်းမှာ အုပ်စုနှစ်စုကွဲလာကြတယ် .. ပဋိပက္ခလဲ ကျိတ်ဖြစ်လာကြတယ် .. နောက်ဆုံး ထိန်းမနိုင်တဲ့ တစ်နေ့မှာတော့ လူတွေ၊ သမန်းဝံပုလွေတစ်ပိုင်းတွေကို နေရာမပေးချင်တဲ့အစုကနေပြီး ကျုပ်ကို ပုန်ကန်ခဲ့တယ်လေ ...“ “ဘာဆက်ဖြစ်ကြသေးလဲ ... ကျနော်တော့ တော်တော်စိတ်ဝင်စားနေပြီဗျာ..“ “ကျုပ်တို့တွေ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတယ် .. ပြောရမယ်ဆိုရင် ပုန်ကန်သူတွေ ကျုပ်ကို ခေါင်းဆောင်နေရာကနေ မဖယ်ရှားနိုင်ခဲ့ပါဘူး .. ဒါပေမယ့် မောင်သီဟ .. သူတို့ ကျုပ်ရဲ့ အသည်းနှလုံးကိုတော့ ထုတ်ယူသွားနိုင်ခဲ့တယ် .. မြမြလင်းဟာ ကျုပ်ရဲ့ ရှေ့မှာပဲ သေဆုံးသွားခဲ့တယ် ... ကျုပ်အသက်ကို မြမြလင်း ကယ်ခဲ့ပေမယ့် သူ့အသက်ကိုတော့ ကျုပ်အကာအကွယ်မပေးနိုင်ခဲ့ဘူး ...“
သီဟ ဦးသိဒ္ဓိရဲ့ အဖြစ်ဆိုးအတွက် စိတ်မကောင်းဖြစ်သွားသည်။ သူ၏ မျက်စိထဲတွင် လင်းသဒ္ဒါ၏ မျက်နှာလှလှလေးကို အလိုလိုမြင်ယောင်လာသည်။ သြော် .. သနားစရာကောင်းလှသည့် မိခင်မဲ့ ၀ံပုလွေမလေးရယ် ...။ “အဲဒီနောက် ဘာတွေ ဆက်ဖြစ်ကြသေးလဲ ဦးသိဒ္ဓိ ..“ “ကျုပ်တို့တွေ သဲသဲမဲမဲ တိုက်ခိုက်ကြပေမယ့် အရှုံးအနိုင် တိတိကျကျ အဖြေမပေါ်ခဲ့ဘူး .. နောက်ဆုံးမှာတော့ ဆက်တိုက်နေရင် နှစ်ဖက်စလုံး သေကြေပျက်စီးကြတော့မယ့်ကိန်းမို့ သဘောတူညီမှုတစ်ခုနဲ့ပဲ တိုက်ပွဲကို ရပ်စဲခဲ့တယ် .. အဲဒီသဘောတူညီမှုကတော့ တခြားမဟုတ်ဘူး မောင်သီဟ .. သမန်းဝံပုလွေနဲ့လူနဲ့က ပေါက်ဖွားလာတဲ့ မျိုးဆက်တွေဟာ မူလသမန်းဝံပုလွေစစ်စစ်တွေနဲ့ တူညီတဲ့ အခွင့်အရေးမရဖို့ပဲ .. ကျုပ်သမီး လင်းသဒ္ဒါ အနှိမ်ခံဘ၀နဲ့ ကြီးပြင်းလာရတဲ့ အရင်းခံဟာ အဲဒီက စတာပဲ မောင်သီဟ .. ပြောရမယ်ဆိုရင် ကျုပ်ဟာ သမီးလေးတစ်သက်တာလုံးမှာ အဖေကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး မောင်သီဟရယ် ...“ ဦးသိဒ္ဓိ၏ အသံက ဆိုနင့်သံအပြည့်နှင့် ဖြစ်လာသည်။ သီဟ ဦးသိဒ္ဓိအတွက် စိတ်မကောင်းဖြစ်ရပြန်သည်။ ၀ံပုလွေရွာ၏ ခေါင်းဆောင်တစ်ယောက်တွင် ဤကဲ့သို့သော ဆို့နင့်ဖွယ် နောက်ကြောင်းဇာတ်လမ်းတစ်ခု ရှိလိမ့်မည်ဟု သူထင်မထားခဲ့။ ဦးသိဒ္ဓိ စိတ်သက်သာရာသက်သာကြောင်း ဖြစ်စေဖို့ သူစကား လမ်းကြောင်းပြောင်းဖို့ စဉ်းစားလိုက်သည်။
“ဒါနဲ့ ဦးသိဒ္ဓိ .. ကျနော့်ကို လင်းသဒ္ဒါအတွက် အကူအညီတောင်းမယ်ဆိုတာ ဘာများလဲ ..“ “အင်း .. ဒီကိစ္စက ပြောရမယ်ဆိုရင် .. ကျုပ်တို့လောကရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်လို့ ဆိုလို့ရမယ် ..“ သီဟ နည်းနည်းနားရှုပ်သွားသည်။ လာပြန်ပြီ နောက်ထပ် လျှို့ ဝှက်သော ကိစ္စတစ်ခုဟု စိတ်ထဲမှာ တွေးမိသည်။ “ဟောဟိုမှာ လှမ်းမြင်ရတဲ့ လူဦးခေါင်းပုံ တောင်ကို တွေ့လား မောင်သီဟ ...“ ဦးသီဟ လက်ညိုးညွှန်ပြရာသို့ ကြည့်မိသည်။ ၀ံပုလွေတောင်ကြား၏ မြောက်ဘက်အရပ် ခပ်လှမ်းလှမ်း၌ ဦးသီဟ ပြောသလို တကယ်ပဲ လူ့ဦးခေါင်းပုံသဏ္ဍာန်ရှိသော တောင်တစ်လုံးကို တွေ့သည်။ “တွေ့တယ် .. ဦးသိဒ္ဓိ ..“ “အဲဒီ တောင်ကုန်းမှာ .. ကျုပ်တို့လောကမှာ လေးစားရတဲ့ တောင်တော်ရှင်မဆိုတာ ရှိတယ် ...“ “တောင်တော်ရှင်မ?? သူက ဘယ်သူလဲ ...“ “တောင်တော်ရှင်မ ဘယ်သူဆိုတာ ကျုပ်လဲ အသေအချာ မသိကြဘူး မောင်သီဟ .. ဘာဖြစ်လို့လဲဆိုတော့ တောင်တော်ရှင်မကို ဘယ်သူမှ တေ့တေ့ဆိုင်ဆိုင် မမြင်ဖူးကြဘူး ... ဒါပေမယ့် တောင်တော်ရှင်မရဲ့ ဟောကြားမှုတွေကိုတော့ ကျုပ်တို့ အလေးအနက်ထားကြတယ် .. ဘာဖြစ်လို့လဲဆိုတော့ သူမပြောတဲ့အကြောင်းအရာတွေဟာ များသောအဖြင့် မှန်တာများလို့ပဲ .. ဥပမာ မောင်သီဟ ကျုပ်တို့ဆီရောက်လာမယ်ဆိုတာကို တောင်တော်ရှင်မက ကြိုပြောထားခဲ့တယ်ဆိုရင် မောင်ရင် အံ့သြမလား ..“ “ဗျာ .. ဘယ်လို ..“ သီဟ တကယ်ပင် အံ့သြရသည်။ ဒါဆိုလျှင် သူနှင့် လင်းသဒ္ဒါတွေ့ဆုံမှုသည် ကြုံကြိုက်မှုတစ်ခု မဟုတ်တော့။ တောင်တော်ရှင်မ ဘယ်သူဆိုတာကို သူပိုသိချင်လာမိသည်။ “ဦးသိဒ္ဓိ .. ဒါဆို တောင်တော်ရှင်မက အကြားအမြင်များ ရနေတာလား .. ကျနော်တော့ တော်တော်စိတ်ဝင်စားသွားပြီ ..“ “အဲဒါတော့ ကျုပ်မပြောတတ်ဘူး မောင်သီဟ .. မောင်သီဟ သိချင်တာတွေကို တောင်တော်ရှင်မနဲ့ ကိုယ်တိုင်တွေ့မှပဲ မေးပေတော့ ... မောင်သီဟ တောင်တော်ရှင်မကိုတွေ့ဖို့ ကျုပ် လင်းသဒ္ဒါကို အဖော်အဖြစ်ထည့်လိုက်မယ် .. လင်းသဒ္ဒါ လမ်းပြရာနောက်ကို မောင်သီဟ လိုက်သွားဖို့တစ်ခုသာ ကျုပ်ကိုကူညီပါ .. အဲဒီလိုဆိုလျှင် မောင်သီဟ လင်းသဒ္ဒါအတွက် အကူအညီပေးရာ ရောက်သလို ကျုပ်တို့အတွက်လဲ ကူညီရာကျလိမ့်မယ် မောင်သီဟ .. ဘယ်လိုလဲ .. ကူညီမယ်မဟုတ်လား ...“ “ကျနော်က .. တောင်တောင်ရှင်မကိုတွေ့ရမယ် ??? ဘယ်လို ..“ “ကျုပ် ဒီထက်ပိုပြီးတော့ ရှင်းမပြနိုင်တော့ဘူး မောင်သီဟ .. မောင်သီဟ သိချင်တာတွေကို တောင်တော်ရှင်မနဲ့ တွေ့မှသာ မေးပါတော့လို့ ကျုပ်မေတ္တာရပ်ခံပါတယ် …“
ဦးသိဒ္ဓိက ဒီလိုဆိုလိုမှတော့ သီဟ ဆက်မမေးတော့။ သူ၏ နဂိုဗီဇကိုပင် သူတပါး၏ ကိစ္စကို စပ်စုတတ်သူမဟုတ်။ ကိုယ့်မာနနှင့်ကိုယ်မို့ မပြောချင်ဘူးဆိုမှတော့ မမေးယုံပဲ ရှိတော့သည်။ တောင်တော်ရှင်မနှင့်တွေ့မှသာ သူသိချင်တာတွေကို မေးရမည်။ အမှန်တကယ်ဆိုလျှင် ဘာမှန်းညာမှန်းမသိသည့် ၀ံပုလွေရွာတွင် အစကတည်းက သူက နေချင်လှသည်မဟုတ်။ လင်းသဒ္ဒါ ဇွတ်ခေါ်လာလို့သာ သူပါလာခဲ့ရခြင်းဖြစ်သည်။ အခုတော့ သူမနှင့်အတူ သူ ခရီးအတူ ပြန်သွားရပေဦးမည်။ ဘယ်လိုခရီးစဉ်မှန်းမသိပေမယ့် လင်းသဒ္ဒါနှင့် အတူရှိနေမည့်အဖြစ်ကို တွေးမိသည်နှင့် သီဟ ရင်ခုန်နှုန်းမြန်လာမိသည်။ ဘုရားရေ .. သူ လင်းသဒ္ဒါကိုများ ချစ်မိသွားပြီလား။
“ကဲ .. မောင်သီဟ .. ကျုပ်တို့လဲ အချိန်တော်တော်ကြာ စကားပြောပြီးဆိုတော့ ရွာထဲ ပြန်ကြရအောင် .. ဒီညတော့ မောင်သီဟ ကောင်းကောင်းအနားယူလိုက်ပါ .. မနက်ဖြန်မနက်ကျရင် လင်းသဒ္ဒါ လာခေါ်လိမ့်မယ် .. ခရီးအတွက်လိုအပ်တာတွေလဲ သူပဲ ပြင်ဆင်ပြီး ယူလာခဲ့လိမ့်မယ် ..“ “ကောင်းပြီလေ ဦးသိဒ္ဓိ ... ဒါဆိုလဲ ပြန်ကြတာပေါ့ ..“
ဦးသိဒ္ဓိနှင့် သီဟ အလာတုန်းကလမ်းအတိုင်း ရွာထဲသို့ ပြန်ဝင်လာခဲ့သည်။ ၀ံပုလွေရွာ၏ ခေါင်းဆောင်နှင့်တွဲ၍ လှမ်းလျှောက်ဝင်လာသည့် သူ့ကို ရွာကလူတွေက (သမန်းဝံပုလွေတွေပါ) ကြိုကြားကြိုကြား လှမ်းကြည့်ကာနေကြသည်။ ၀ံပုလွေအမျိုးမျိုး၏ အကြည့်က တစ်ဦးနှင့်တစ်ဦး မတူကြပေမယ့် သီဟကတော့ ဒါတွေကို ဂရုစိုက်မနေတော့ပါ။ ဦးသိဒ္ဓိပြောသလို တစ်ညတာ ကောင်းကောင်းအိပ်စက် အနားယူပြီး မနက်ဖြန်ကျလျှင် လင်းသဒ္ဒါနှင့် အတူခရီးသွားဖို့ကိုသာ ကြိုတင်စဉ်းစားနေမိသည်။
မသူဇာ သူ့ကို ဆေးကုပေးခဲ့သော သစ်လုံးအိမ်သို့ သီဟ ပြန်ရောက်လာခဲ့သည်။ မသူဇာကို တွေ့ရလိမ့်မည်ဟု ထင်ထားသော်လဲ အိမ်ထဲတွင် မည်သူမှ ရှိမနေ။ သူလဲလျောင်းခဲ့ရာ ကုတင်ထက်ရှိ စာတစ်စောင်ကသာ အသင့်စောင့်နေသည်။ ထူးထူးထွေထွေမဟုတ်။ သူရေမိုးချိုးဖို့ အထဲတွင်ပြင်ဆင်ထားသည့်အကြောင်းနှင့်၊ စားပွဲပေါ်တွင် ညစာအတွက် စားစရာတစ်ချို့ ထားခဲ့ကြောင်းသာ။ သီဟ စာဖတ်ပြီး တစ်ချက်ပြုံးသည်။ ကြည့်ရတာ မသူဇာသည် တခါပဲ ကျေးဇူးဆပ်ချင်ပုံထောက်သည်။ နောက်တစ်ခါ ကျေးဇူးမဆပ်ရအောင် လူကိုယ်တိုင် လာမတွေ့တာဖြစ်ရမည်။ သီဟ ကိုယ့်အတွေးကိုကိုယ် သဘောကျပြီး အသင့်တွေ့သည့် စားစရာအချို့ကို ယူစားကြသည်။ စားလို့သောက်လို့ပြီးလို့ အနည်းငယ် နားပြီးသည့်နောက်တွင်တော့ မသူဇာက ရေချိုးဖို့အသင့်ပြင်ထားသည် ဆိုသည့် အတွင်းခန်းထဲသို့ ၀င်လာခဲ့တော့သည်။
လင်းသဒ္ဒါ သီဟရှိနေရာ သစ်လုံးအိမ်တံခါးဝနားတွင် စိတ်လှုပ်ရှားစွာနှင့် ရပ်နေမိသည်။ သူမ ဒီနေရာတွင် ရပ်နေသည်မှာ အချိန်အတော်ကြာပြီဟု ဆိုလို့ရသည်။ သိုရာတွင် အခုချိန်ထိ အထဲသို့ ၀င်သင့်၊ မ၀င်သင့် သူမစိတ်ထဲတွင် ဆုံးဖြတ်ချက်မကျသေး။ သီဟနှင့် မျက်နှာချင်းဆိုင်ရမှာကို လင်းသဒ္ဒါ ကိုယ့်စိတ်ကိုယ်မလုံမလဲဖြစ်နေလေသည်။
လင်းသဒ္ဒါ၏ ဘ၀တလျှောက်လုံးတွင် သမန်းဝံပုလွေလောကထဲ ၀င်တိုးနိုင်အောင် ရုန်းကန်ကြိုးစားရင်းနှင့် အချိန်ကုန်ခဲ့ရသည်။ ၀ံပုလွေရွာခေါင်းဆောင်၏ သမီးဆိုပေမယ့်၊ သမန်းဝံပုလွေတစ်ပိုင်း လူတစ်ပိုင်းဖြစ်နေခြင်းကြောင့် သူမ၏အဆင့်က တကယ့်ခေါင်းဆောင်တစ်ဦး၏ သမီးအဖြစ် ရပ်တည်နိုင်ခြင်း မရှိခဲ့ပါ။ ထို့အတွက်ကြောင့် လင်းသဒ္ဒါသည် လူမှန်းသိတတ်စအရွယ်ကတည်းကပင် လူတွေကို မုန်းခဲ့သည်။ သီဟကို တောနက်ထဲမှာ တွေ့စဉ်တုန်းကဆိုလျှင် ထိုစိတ်ဓါတ်များအရင်းခံနှင့် ဘယ်လိုမှ ကယ်ဖို့ စိတ်ကူးမရှိခဲ့ပေ။ အဖေဖြစ်သူကသာ ရွာသို့ ခေါ်လာဖို့ မမှာခဲ့ပြီးဆိုလျှင် အဲဒီနေရာမှာတင် သူမ ပစ်ထားခဲ့မှာဖြစ်သည်။ အခုတော့ သူမခေါ်လာခဲ့သည့်လူသားက သူမအသက်ကို ပြန်ကယ်ခဲ့ယုံမက၊ သမန်းဝံပုလွေတွေနှင့် လက်တွဲ၍ပင် မှင်စာတွေကို တိုက်ထုတ်ခဲ့သေးသည်။ သီဟသည် သူမအဖေယုံကြည်သလိုများ ရာဇ၀င်လာ သူရဲကောင်းဖြစ်နေမလား။ သီဟသာ သူရဲကောင်းဆိုလျှင် သူမသည် သူရဲကောင်း မြတ်နိုးချင်သည့် ဆန္ဒရှိလေသည်။ လင်းသဒ္ဒါ စဉ်းစားရင်းနှင့်ပင် သူမအတွေးကို သူမရှက်သွားမိပြီး ပါးပြင်တစ်ခုလုံး နီရဲတက်သည်။ ဒါသည်ကပင် လင်းသဒ္ဒါ၏ ဘ၀တွင် ပထမဦးဆုံးအကြိမ်အဖြစ် သူမကိုယ်သူမ မိန်းကလေးတစ်ယောက်အဖြစ် စတင်မြင်လာမိတာဖြစ်သည်။
မနက်ဖြန်ဆိုလျှင် လင်းသဒ္ဒါ သီဟကို ဦးသိဒ္ဓိ၏ ခိုင်းစေမှုနှင့် တောင်တော်ရှင်မဆီသို့ ခေါ်သွားရမည်။ သီဟ ဘယ်သူဆိုတာကို တောင်တော်ရှင်မက ပြောကြားနိုင်လိမ့်မည်ဟု သူမအဖေက ယုံကြည်ထားသည်။ ဖခင်ဖြစ်သူက သူမကို အဘယ်အတွက်ကြောင့် သီဟအား တောင်တော်ရှင်မဆီ လိုက်ပို့ခိုင်းဖို့ ရွေးချယ်သည်ကို လင်းသဒ္ဒါ နားမလည်ခဲ့ပါ။ သူမ ငြင်းချင်လျှင် ငြင်းခွင့်ရနိုင်သည်။ သို့ပေမယ့် ထိုတာဝန်ကို မငြင်းဆန်ခဲ့။ သူမ၏ မသိစိတ်က သီဟနှင့် နှစ်ယောက်အတူ ခရီးထွက်ရမည့် အရေးကို တွယ်တယ်နေမိခဲ့သည်။ လင်းသဒ္ဒါ သူမခေါင်းကို မသိမသာခါရင်း သီဟနှင့် ပတ်သက်သည့် အတွေးစကို ဖြတ်တောက်လိုက်သည်။ အိမ်ရှေ့ရောက်နေ့မှတော့ မထူးတော့ပါဘူးဟု ဆုံးဖြတ်လိုက်ပြီး တံခါးချပ်ကို တွန်းဖွင့်လိုက်တော့သည်။
“ဟင် … လင်းသဒ္ဒါ …“ “အို …“ မျှော်လင့်မထားသည့် အဖြစ်အပျက်ကြောင့် လင်းသဒ္ဒါရော သီဟပါ စက္ကန့်ပိုင်းမျှ ကျောက်ရုပ်များသဖွယ် ကြက်သေသေနေမိကြသည်။ ပထမဦးဆုံး သတိဝင်လာသူက သီဟ။ ရေစည်၏ ဘေးတွင်တင်ထားသည့် towel ကို အမြန်ကောက်ယူလိုက်ပြီး ကိုယ်အောက်ပိုင်းကို ပတ်လိုက်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းသဒ္ဒါ၏ မြင်ကွင်းထဲတွင် ဆပ်ပြာမြုပ်တဖွေးဖွေးအောက်မှ မာတောင်နေသည့် အချောင်းကြီး၏ ပုံရိပ်က ချက်ချင်းပျောက်မသွားချေ။ လင်းသဒ္ဒါ သူမနှုတ်ခမ်းထောင့်လေးကို မသိမသာကိုက်ပြီး မျက်လုံးတစ်ချက်ဝင့်ကာ သီဟကိုကြည့်သည်။ သူမအကြည့်က ရွှန်းလဲ့ကာ အဓိပ္ပါယ်ပါပါဖြစ်နေသဖြင့် သီဟ မျက်ခုံးတစ်ချက်ပင့်ပြီး နှုတ်ခမ်းထောင့်ကိုကွေး၍ ပြုံးသည်။
“ဘာကိစ္စများ ရှိလို့လဲ .. လင်းသဒ္ဒါ ..“ “ကိ ..စ္စ .. သြော် .. ရှိ .. ရှိတယ် … ဟို .. မနက်ဖြန် ခရီးအတွက် .. ပြောချင်လို့ .. ကျမ အ.. အပြင်ကနေ စောင့်နေမယ် ..“ လင်းသဒ္ဒါ အယောင်အမှားမှားနှင့် စကားတွေပြောပြီး ချက်ချင်းနောက်ပြန်လှည့်ကာ ပြေးထွက်လာခဲ့သည်။ အိမ်ထဲမှ အိမ်ပြင် ဘယ်လောက်မှ ဝေးသည်မဟုတ်သည့်တိုင် အိမ်ပြင်ရောက်သည့်အချိန်၌ သူမ မောဟိုက်ကာနေသည်။ တံခါးဝနားရှိ သစ်လုံးနံရံကို ကျောကပ်ကာမှီထားရင်း အသက်ရှူမှု ပုံမှန်ဖြစ်အောင် ပြန်ကြိုးစားရသည်။ လင်းသဒ္ဒါ .. သူမ ရင်ခုန်နှုန်း မြန်နေပါသည်။ ထို့အပြင် သူမ၏ တကိုယ်လုံးသည်လဲ ထူးထူးဆန်းဆန်း ပူနွေးလျှက်ရှိသည်။ လင်းသဒ္ဒါ သူမ၏ လက်ဖ၀ါးနှစ်ဖက်ကို ပွတ်ချေလျှက်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နေရသည်။ တော်သေးသည်။ သီဟက ချက်ချင်း လိုက်ထွက်မလာသည့်အတွက် သူ အ၀တ်အစားလဲကာ အပြင်ထွက်လာသည့်အချိန်တွင် လင်းသဒ္ဒါ အတော်တည်ငြိမ်နေပြီဖြစ်သည်။
“ကျမ .. နောက်လိုက်ခဲ့ပါ …“ လင်းသဒ္ဒါဆီမှ စကားတစ်ခွန်းသာ ကြားရပြီးနောက် နောက်ထပ် ဘာစကားမှ မကြားရတော့ပါ။ သူ့ကို ကျောခိုင်း၍သာ ရွာလမ်းအတိုင်း ပြန်လျှောက်သွားသည်ကို သီဟတွေ့နေရသည်။ ပုံမှန်အတိုင်းသာဆိုလျှင် သီဟ လင်းသဒ္ဒါကို စကားစကာပြောရင်း ရင်းနှီးဖို့အတွက် လမ်းစရှာမိမှာ ဖြစ်သော်လဲ၊ အိမ်ထဲတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေကြောင့် မျက်နှာပူသလိုဖြစ်ကာ စကားမပြောဖြစ်။ တိုက်တိုက်ဆိုင်ဆိုင် သူ့ကောင်ကို ပွတ်တိုက်ကာ စိတ်ကူးယဉ်နေသည့်အချိန်မှ ရောက်လာရသည့်လို့။ အကယ်၍များ သူရေချိုးရင်း စိတ်ကူးယဉ်နေသည့် သူဟာ လင်းသဒ္ဒါများ ဖြစ်နေခဲ့တယ်လို့ သူမ သိသွားလျှင် သူ့အပေါ် ဘယ်လိုသဘောထားမည်မသိ။ မသဲမကွဲ ည၏ အလင်းရောင်အောက်တွင် မြင်နေရသည့် လင်းသဒ္ဒါ၏ နောက်ပိုင်းအလှကို ကြည့်ကာ သီဟ စိတ်လှုပ်ရှားလာမိသည်။
တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် နှစ်ဦးသား လျှောက်လာကြရာ များမကြာမီပင် လင်းသဒ္ဒါ ဦးတည်ရာနေရာသို့ ရောက်လာခဲ့သည်။ ထည်ထည်ဝါ၀ါ ရှိလှသည့် အိမ်တစ်လုံး။ သူ့ကို တစ်ချက်လှည့်ကြည့်ပြီး လင်းသဒ္ဒါ အထဲသို့ ၀င်သွားသည်။ သီဟ လိုက်ဝင်သွားသည်။ သစ်လုံးအိမ်သည် အပြင်ဘက်တွင် အခန့်သားဖြစ်သော်လဲ အထဲ၌မူ အခန်းဖွဲ့ထားခြင်းမရှိပဲ Hall ချည်းသပ်သပ်ဖြစ်သည်။ အိမ်ထောင် ပရိဘောဂလဲ များများစားစား မရှိချေ။ အိမ်၏အလယ်၌ ကုတင်တစ်လုံးရှိပြီး၊ ထိုကုတင်၏အနီး၌ စားပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင် ရှိနေသည့် ပစ္စည်းများကို မြင်လိုက်တော့မှ လင်းသဒ္ဒါ ဘာဖြစ်လို့ သူ့ကို ဒီခေါ်လာလဲဆိုတာကို သီဟ နားလည်လိုက်သည်။ သူ့သေနတ်နှင့် စစ်ကျောပိုးအိတ်ထဲမှ ပစ္စည်းတွေကို ထိုစားပွဲပေါ်၌ စုပုံကာတင်ထားသည်။ လင်းသဒ္ဒါသည် သူ့ကို မနက်ဖြန်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားစေချင်သည့် သဘောရှိပုံရသည်။
နှစ်ယောက်သား တစ်အိမ်ထဲတွင် အတူရှိကာနေသဖြင့် ဒီအတိုင်း စကားမပြောပဲနေလို့မကောင်းဟု သီဟတွေးမိသည်။ လင်းသဒ္ဒါဘက်လှည့်ကာ စကားစပြောဖို့ ပြင်သည်။ သို့သော် လင်းသဒ္ဒါထံမှ ထင်မှတ်မထားသည့် တုံ့ပြန်မှုနှင့်ရင်ဆိုင်ရသည်။ လင်းသဒ္ဒါ၏ ခြေထောက်တစ်ဖက်က မြောက်တက်လာပြီး သူ့ခါးကို ပစ်ကန်သည်။
“ဖုန်း …“ “လင်း .. သဒ္ဒါ … မင်း .. မင်း ..“ “စကားရှည်မနေနဲ့ .. ခုခံဖို့ပြင် …“
အောင့်ကာ နာကျင်သွားသည့် ခါးကိုလက်တစ်ဖက်နှင့် နှိပ်ကာ လင်းသဒ္ဒါကို မေးခွန်းထုတ်ဖို့ သီဟပြင်တုန်း ရှိသေးသည်။ လက်နှစ်ဖက်ကို ယှက်ကာ တိုက်ခိုက်ဖို့ ပြင်ထားသည့် သူမဆီမှ လက်သီးတစ်လုံးက သူ့မျက်နှာဆီခွပ်ခနဲ ၀င်လာသည်။ သီဟ မျက်စိထဲတွင် ကြယ်တွေ၊ လတွေ ပလူပျံကုန်သည်။ သူတော်တော်တင်းသွားပြီ။ ကဲ ..ဒီလောက်တောင် ချချင်နေမှတော့ ချယုံပဲပေါ့။ မဟုတ်မခံ ထီမထင်သည့် သီဟ၏ ပင်ကိုယ်စိတ်က ပြန်ပေါ်လာသည်။ နှုတ်ခမ်းထောင့်တွင် စီးကျနေသည့် သွေးစကို လက်မနှင့်သုတ်လိုက်ပြီး လင်းသဒ္ဒါကို မျက်တောင်မခတ်တမ်းကြည့်သည်။ ခြေထောက်နှစ်ဖက်ကိုခွဲ၊ လက်နှစ်ဖက်ကိုဖြန့်ကာ အသင့်နေရာယူထားသည်။ ကြာကြာမစောင့်လိုက်ရပါ။ လင်းသဒ္ဒါ၏ အ၀ါရောင်မျက်လုံးတွေက တစ်ချက်လက်သွားပြီးနောက် သူ့ဆီကို ခြေထောက်မြောက်ကာ ခုန်ဝင်လာသည်။
အသင့်ရှိနေပြီမို့ ဒီတစ်ခါတော့မရတော့ပါ။ ကိုယ်ကိုဘေးတစောင်း အနေထားနှင့် လှည့်ထွက်လိုက်ပြီး

Comments

Popular posts from this blog